ချစ်သော ဟန်နီ ...
ငါ့ အမေကို ငါချစ်တယ်
နင့် ကိုလည်း ငါ ချစ်တယ်။
ဘ၀ ရဲ့ မြစ်ရေထဲမှာ
မျှောပါ မောပန်းခဲ့သမျှ
ငါ မှီခိုရာ
ငါ တွယ်ကပ်ရာ
အသိတွေ ဘယ်လောက်တား တား
သတိတွေ ဘယ်လောက် ထား ထား
နင့် အပါးက တစ်ဖ၀ါးစာ ခွာလိုက်တာနဲ့
ငါ့ ရဲ့ ခြေလှမ်း
အလွမ်းတွေ လောင်ကျွမ်းရစမြဲပါ။
လိမ်ညာပြီး ချစ်ခဲ့တာမဟုတ်ပေမယ့်
ကျိမ်စာမီး ကြီးလေးစွာလောင်ကျွမ်းနေသူက
ငါပါ ဟန်နီ။
တကယ်တော့ .... နင် ဟာ
ငါ့ဘ၀ ရဲ့...
ကွန်းခိုရာ
နှီးနှောရာ
တိုင်ပင်ရာ
ဆွေးနွေးရာ
အေးမြရာ
ပျော်ရွှင်ရာ
လန်းဆန်းရာ...
ကမ္ဘာသစ်တစ်ခု..
လမင်းတစ်စင်းပါ။
နင့် ရဲ့ ဆံပင်လေးတွေကို
ဖြီးလိမ်း သန့်စင်ပေးရုံနဲ့
ငါ့ ရင်ခွင်မှာ
နင် မလုံခြုံပါဘူး။
ချစ်မြတ်နိုးခြင်းတစ်ခုနဲ့
ငါ့ ရဲ့လက်ကို ရဲရဲတွဲ
စွဲစွဲ မြဲမြဲ ချစ်သူအဖြစ်
ပျော်ရွှင်ခွင့်ပေးတဲ့မင်းကို
[ ကျန်လက်တစ်ဖက် နဲ့ အလေးပြု ]
ကျေးဇူးတင်ခြင်း အပြည့်အ၀နဲ့
သာဓုခေါ်ပါရစေ.... ဟန်နီ ။
ချစ်ခြင်းကို တံတိုင်းခြား
လိုင်းတား ကာစီးခဲ့ပေမယ့်
သံသရာ တစ်ခုခု ရဲ့ ရေစက်
ကံကြမ္မာ တစ်ခုခု ရဲ့ ၀ဋ္ဋ်ကြွေးလို
ပြေးလျှက်နဲ့ နီး
ကာစီးလျှက်နဲ့ ကျိုးပေါက်
ငါ့ ရင်ခွင် ညိုးခြောက်ခြာက်ထဲ
နင် ၀င်ရောက်နေဆဲပါ။
ငါ မရှိရင်
နင် မပျော်ဘူး။
နင် မပျော်ရင်
ငါ မနေတတ်ဘူး။
ငိုတော့မယ့် နင့် မျက်နှာပေါ်က
စိုးရိမ်စိတ်တွေ ပြေမှ
ငါ အိပ်ရေး ၀ ဝ
အိပ်နိုင်သူပါ ဟန်နီ ။
အိပ်မက်တွေလည်း ကြွေကျ
နှလုံးသားတွေ ကြေကွဲ
ဒဏ်ရာရနေတဲ့ အသည်းနှလုံးတစ်စုံ
မင်းရဲ့ ၀တ်မှုန်နဲ့ ချွတ်ခြုံကျနေတဲ့
ကိုယ့်ရဲ့ ဘဝ
ထူမဖို့ ကြိုးစားဆဲမှာ...
အချစ်ရယ် .. . ကိုယ်တို့ နှစ်ယောက်......
ရှင်ကွဲ , ကွဲ ခဲ့ ရ ပြီ ။
လေးစားလျှက်.....
မောင်လှမျိုး
No comments:
Post a Comment