ကျွန်တော်နှစ်သက်သောကဗျာများ...
ငါ့မှာ
ပိုင်ဆိုင်တာဆိုလို့
အိပ်မက်တွေပဲရှိတယ်။
အိပ်မက်ထဲက ရင်ခုန်သံ
ညရဲ့ နံရံကိုဖြတ်ကျော်ပြီး
ချစ်သူရဲ့ ရင်ထဲ ကူးစက်သွားရင်
ဘယ်လောက်ကောင်းလိုက်မလဲ။
အိပ်ပျော် ချင်ပေမယ့်
အိပ်မက်ရဲ့ဒဏ်ကို
( မခံနိုင်လို့ )
အိပ်ရေးပျက်ခဲ့ရတဲ့....
လူတစ်ယောက်ပါ။
ငါ့အိပ်မက်တွေ ပျက်တော့မယ်
အိပ်ဆေးတစ်ခွက်လောက် တိုက်လှည့်ပါ..
အနာဂတ်ကို လိုက်ရှာမလို့။ ။
လေးစားလျှက်....
မောင်လှမျိုး
- ရန်ကုန်သား နည်းပညာမြို့တော်
- ရန်ကုန်သား နည်းပညာမြို့တော်
- ရန်ကုန်သား နည်းပညာမြို့တော်
- ရန်ကုန်သား နည်းပညာမြို့တော်
ရန်ကုန်သား နည်းပညာမြို့တော်
Description goes here, this is just a test description....read more

No comments:
Post a Comment